စင်္ကာပူရောက်မြန်မာနိုင်ငံသားများစင်္ကာပူနိုင်ငံ၏စည်းကမ်းများနှင့်ဓလေ့ထုံးတမ်းများကိုလေးစားလိုက်နာရေး
📖 Estimated reading time: 4 minutes | ✍🏻 ရေးသားသူ – မြင့်ဆွေ (မြန်မာ) | 📝 တည်းဖြတ်သူ – MEC

အာရှနိုင်ငံများအနက် စီးပွားရေးနှင့် ပညာရေးဧရိယာတွင် ထင်ရှားစွာတိုးတက်နေသည့် စင်္ကာပူနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက်ပညာသင်ကြားနေသူများနှင့် အလုပ်သွားရောက်လုပ်ကိုင်သူများအနေဖြင့် စင်္ကာပူနိုင်ငံ၏ စည်းကမ်းဥပဒေနှင့် ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာခြင်းမှာ မိမိနိုင်ငံ၏ ပုံရိပ်ကို ကောင်းမွန်စေသော အချက်တစ်ခုဖြစ်ပါသည်။
ဤကမ္ဘာလောကကြီးတွင် ချမ်းသာသောနိုင်ငံ၊ ချမ်းသာသောသူဖြစ်နေခြင်းသည် စည်းကမ်းရှိသူကို ဗဟိုပြုထားသောကြောင့် ဖြစ်သည်။ စည်းကမ်းသည် ချမ်းသာသူနှင့် ဆင်းရဲသူ၊ သူတော်ကောင်းနှင့် သူယုတ်မာကို ခွဲခြားပေးသော ပြဒါးတိုင်လည်းဖြစ်ပါသည်။ ထို့ပြင် စည်းကမ်းသည် တန်ဖိုးရှိသောလူ (သို့မဟုတ်) တန်ဖိုးရှိသောနိုင်ငံဟုတ်၊ မဟုတ်ဆုံးဖြတ်ပေးသောအရာတစ်ခုလည်းဖြစ်သည်။ တစ်နည်းအားဖြင့် စည်းကမ်းဟူသည်ကား လိုက်နာရမည့် နည်းလမ်းများ (သို့မဟုတ်) ဥပဒေသများပင်ဖြစ်သည်။
စင်္ကာပူနိုင်ငံတွင် ချမှတ်ထားသော ဥပဒေများမှာ တင်းကြပ်ပြီး အပြစ်ပေးမှုများမှာလည်း ပြင်းထန်လှပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် တာဝန်သိသောနိုင်ငံသားတစ်ဦးအဖြစ် ချမှတ်ထားသော စည်းကမ်းဥပဒေများကို အလေးထားလိုက်နာရန် လိုအပ်ပါသည်။ ဥပမာ—အများနှင့်သက်ဆိုင်သော နေရာများတွင် အရက်သောက်ခြင်း၊ အော်ဟစ်ဆူပူသောင်းကျန်းခြင်းစသည်ဖြင့် စင်္ကာပူလူ့အသိုင်းအဝိုင်းက လက်မခံသောအပြုအမူများကို ရှောင်ရှားသင့်ပါသည်။
ထို့ပြင် စင်္ကာပူနိုင်ငံသည် မတူညီသော လူမျိုးများ ပျော်ရွှင်အေးချမ်းစွာ နေထိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စင်္ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း တစ်ခြားဘာသာဝင်များ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို တန်ဖိုးထား လေးစားရန် အထူးလိုအပ်ပါသည်။
စင်္ကာပူနိုင်ငံသည် မိမိနိုင်ငံသားများသာမက နိုင်ငံခြားမှ လာရောက်နေထိုင်သူများ၊ ကျောင်းတက်သူများနှင့် အလုပ်သမားများထံမှပါ စည်းကမ်းရှိသော အပြုအမူများကို မျှတစွာ လိုအပ်နေသော နိုင်ငံဖြစ်သည်ကိုလည်း နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။
မိမိတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံ အပြုအမူများက မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားအားလုံး၏ ပုံရိပ်ကို ကိုယ်စားပြုနေသဖြင့် ကိုယ်ကျင့်တရားကို ထိန်းသိမ်းပြီး ယဉ်ကျေးစွာ ပြောဆိုဆက်ဆံကာ ချမှတ်ထားသော စည်းကမ်းဥပဒေများကို မချိုးဖောက်မိစေရန် အထူးအရေးကြီးပါသည်။
နိဂုံးချုပ်အနေဖြင့် စင်္ကာပူတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ကိုယ်တိုင် ယဉ်ကျေးမှုရှိစွာ ပြုမူနေထိုင်ပြီး ချမှတ်ထားသော စည်းကမ်းဥပဒေများကို တိကျစွာလိုက်နာနိုင်မည်ဆိုပါက မိမိ၏အနာဂတ်အတွက်သာမက မြန်မာနိုင်ငံသားများအပေါ် အမြင်နှင့် ယုံကြည်မှုကိုပါ တိုးတက်လာစေမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြားတွင် နေရင်း “မြန်မာ” ဟုသည့် အမည်ကို ဂုဏ်သိက္ခာရှိစွာ ကိုယ်စားပြုကြပါစို့။
ဂုဏ်သိက္ခာရှိစွာ ကိုယ်စားပြုကြရင်း မိမိတို့အတွက်တိုးတက်ကောင်းမွန်သောအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ဖို့ စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် (PR) အတွက်လျှောက်ထားခြင်း, နိုင်ငံသားဖြစ်ခြင်း, အလုပ်အကိုင်အတွက်ပြင်ဆင်ခြင်း၊ သားသမီးများ၏ ကျောင်းလျှောက်လွှာအတွက်အကူအညီ တို့ကဲ့သို့သောအခြေခံအဆင့်များကို စနစ်တကျ ပြင်ဆင်ခြင်းဖြင့် တစ်ဖန်တစ်ခါသာရရှိမည့်အခွင့်အလမ်းများကို မှန်မှန်ကန်ကန် ရယူဖို့လိုအပ်ပါတယ်။ ဤကဲ့သို့မှန်ကန်စွာပြင်ဆင်ဖို့ ကျွန်တော်တို့ Myanmar Eduwork Consultancy (MEC) မှ သင့်လိုအပ်ချက်အပေါ်အခြေခံပြီး အကောင်းဆုံးဘဝလမ်းညွှန်မှုနှင့်ဝန်ဆောင်မှုများဖြင့် သင့်အနာဂတ်အတွက် ကူညီပေးဖို့ အသင့်ရှိနေပါတယ်။