ဘာလို့ PR လျှောက်တာခက်သလဲ? စင်္ကာပူအစိုးရ ဘာကိုကြည့်ပြီးဆုံးဖြတ်တာလဲ?

လူတိုင်းမေးနေတဲ့ သိချင်တဲ့မေးခွန်းလေး ၁ခုရှိပါတယ်။ PR ကလျှောက်ရတာခက်တယ်။ အမြဲreject ပဲဖြစ်နေတာ။ ဘယ်လိုလျှောက်ရမှာလဲ? 

သင်တွေးတာလဲမှန်ပါတယ်။ PR လျှောက်ရတာခက်ပါတယ်။ 

ဒါပေမဲ့ ကျွန်တော်တို့တွေက စင်္ကာပူအစိုးရကဘာလို့PRပေးလဲဆိုတဲ့ အဓိကရည်ရွယ်ချက်ကိုမေးခွန်းထုတ်ဖို့မေ့တတ်ကြပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ attention က အယောက်ဘယ်လောက်PR ရလဲ ဘယ်နှစ်ယောက် က တို့မြန်မာတွေလဲဆိုတဲ့အချက်အလက်တွေကိုပဲအမြဲတမ်း ရှာဖွေတတ်ကြပါတယ်။ စင်္ကာပူအစိုးရ၏ နိုင်ငံခြားသားများကို အမြဲတမ်းနေထိုင်ခွင့်(PR)ပေးရန်အကဲခက်သောအချက်များဖြစ်တဲ့ Economy Contribution, Demographic Strategy, Global Talent Magnet, Cultural Integration & Social Harmony, Ethnic Balance & Nationality Quota ဆိုပြီးအဓိက (၅)ချက်ရှိပါသည်။

စင်္ကာပူနိုင်ငံ၏ စီးပွားရေးကိုအထောက်အပံ့ပေးမှု Economy Contribution ကတော့အဓိကအချက်တွေထဲက ၁ခုဖြစ်ပါတယ်။ လူတစ်ဦးချင်းစီ၏ ဝင်ငွေကောင်းကောင်းရှိပါက လိုအပ်သောကဏ္ဍတွေမှာ အတတ်ပညာရှိတဲ့လူတွေကို ရွေးချယ်ခြင်းအားဖြင့် အခွန်ဝင်ငွေတိုးလာခြင်း၊ CPF အထောက်အပံ့တိုးလာခြင်း၊ နိုင်ငံရဲ့ နည်းပညာ၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးကဏ္ဍတွေကို တည်ငြိမ်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ဤအရာသည် စီးပွားရေးတိုးတက်မှုကို ရေရှည်ထိန်းသိမ်းနိုင်စေပြီး national infrastructure၊ ဆေးဝါးစနစ်နှင့် လူမှုဖူလုံရေးစနစ်များအတွက် လိုအပ်သော ဘဏ္ဍာငွေအတွက် အသက်သွေးကြောအရင်းအမြစ်ဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် ငွေကြေးဖောင်းပွမှုနှင့်အတူ စင်္ကာပူတွင်လဲ နေထိုင်စရိတ်၊ ကျောင်းလခ၊ ကလေးစရိတ်၊ လူသုံးကုန်ပစ္စည်း နှင့်အခြားသော စရိတ်များကြီးချင်းကြောင့် စင်္ကာပူနိုင်ငံသားများအိမ်ထောင်ပြု၊ ကလေးယူခြင်းများနောက်ကျခြင်းတို့ဖြစ်ပွါးလာသည်။ ၂၀၂၄ခုနှစ်တွင်စင်္ကာပူနိုင်ငံတွင် အမျိုးသမီး၁ယောက်တိုင်း၏ကလေးမွေးဖွားနှုန်းသည် ၀.၉၇ယောက်သာရှိ၏။ နိုင်ငံ၏လိုအပ်ချက်သည် အမျိုးသမီး၁ယောက်တိုင်းသည်ကလေး၂.၁ယောက်ယူရန်လိုအပ်ပါတယ်။ ထို့ကြောင့် စင်္ကာပူအစိုးရသည် Demographic Strategyအရနိုင်ငံခြားသားများအား အမြဲနေထိုင်ခွင့်များချပေးဖို့အကဲဖြတ်တဲ့နေရာမှာ မိသားစုနဲ့ကလေးတွေပါတာတွေဟာလဲအရေးပါနိုင်တယ်ဆိုတာလူပြောများလာတဲ့အချပ်ထဲမှာပါဝင်ပါတယ်။ 

mec-myanmar-apply-singapore-pr-2-1

Photo: Ai Generated Myanmar Professional Lifestyle

စင်္ကာပူနိုင်ငံသည် အာရှတစ်ခွင်တွင် Global Talent Magnet ဆိုပြီးနာမည်ကြီးပါတယ်။ ကမ္ဘာအဆင့်အတန်းရှိတဲ့ ပညာရေးနဲ့ အတတ်ပညာရှိသူတွေကို ဖိတ်ခေါ်ခြင်းဖြင့် နိုင်ငံအတွင်း လူ့စွမ်းအားအရည်အသွေးတိုးတက်ခြင်း, အတွေ့အကြုံမှ ဖလှယ်ခြင်းတို့ကနိုင်ငံကို နည်းပညာတိုးတက်မှုဦးဆောင်နိုင်တဲ့အင်အားအဖြစ် ခိုင်မာစေပါတယ်။ သဘာဝအရင်းအမြစ်နည်းပါးတဲ့ စင်္ကာပူအတွက် ပညာတတ် ပညာရှင်များဟာအရေးကြီးဆုံးအခန်းကဏ္ဍတစ်ခုထဲမှာပါဝင်တာပဲဖြစ်ပါတယ်။ ဘယ်လို industry တွေမှာလုပ်နေတဲ့ပညာရှင်တွေကိုအမြဲနေထိုင်ခွင့်ပေးလဲဆိုတာကို ဒီဆောင်းပါးမှာဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေဟာ စင်္ကာပူမှာ အလုပ်လုပ်နေတယ်ဆို ရင် တော့ စင်္ကာပူနိုင်ငံကို အကျိုးပြုနေတဲ့တစ်ယောက်ထဲမှာပါတယ်ဆိုတာဂုဏ်ယူလိုက်ပါ။😉

အချို့သောရွှေမြန်မာတို့သည် အများပိုင်နေရာများတွင် သရုပ်ပျက် အော်ဟစ် စားသောက်ကျရာ မိမိကိုကိုယ်သာမက မြန်မာနိုင်ငံသားအားလုံး၏ အဆင့်အတန်းကိုပါကျဆင်းစေသည့်အပြင် အိမ်ရှင်နိုင်ငံ၏ ယဉ်ကျေးမှုကိုမလေးလား မထိမဲ့မြင်လုပ်ရာလဲရောက်ပါသည်။ ဤဆောင်းပါးတွင်လဲ မည်ကဲ့သို့ နေထိုင်သင့်သည်ကို ဖတ်ရှုနိုင်ပါသည်။ စင်္ကာပူလူမှုအသိုင်းအဝိုင်းထဲဝင်ဆန့်မှု၊ ယဉ်ကျေးမှာနှင့်အလိုက်သင့်နေနိုင်မှုသည်လည်း အမြဲနေထိုင်ခွင့် PR ပေးရန်အတွက်ထည့်သွင်းအစိုးရကစဉ်းစားသောအရေးကြီးသောအချက်၁ချက်ထဲတွင်ပါဝင်ပါသည်။ ထို့ကြောင့် ပရဟိတလုပ်ခြင်း၊ ဆုလက်မှတ်၊ လှူဒါန်းမှုမှတ်တမ်းများ၊ ဥပဒေကိုလေးစားလိုက်နာမှု၊ ယဉ်ကျေးမှုနှင့် လေးစားတန်ဖိုးထားမှုကို ဖော်ပြနိုင်မှုတို့က သင့်ရဲ့ အမြဲနေထိုင်ခွင့်ရနိုင်ခြေတိုးပွါးနိုင်ပါသည်။

နောက်ဆုံးသုံးသပ်ချက်အချက်အနေနှင့် Ethnic Balance & Nationality Quota ဆိုတဲ့လူမျိုးရေးညှိနှိုင်းမှုကို စနစ်တကျထိန်းသိမ်းခြင်းဖြင့် လူမျိုးအုပ်စုကွဲများအကြားလိုက်လျောညီထွေမှုဖြစ်စေခြင်း၊ မတူညီသော ယဉ်ကျေးမှုများကို ညီညွတ်စွာ ပေါင်းစည်းထားနိုင်ခြင်း၊ နှင့်အတူ နိုင်ငံရေးသာယာမှုကို တည်တံ့စေပါတယ်။ ဤအချက်သည် စင်္ကာပူ၏ တည်ငြိမ်မှုနှင့် နိုင်ငံတကာရဲ့ ယုံကြည်မှုကို တိုးမြှင့်ရာတွင် အလွန်အရေးကြီးပါသည်။

နိဂုံးချုပ်အနေနှင့် စာဖတ်သူတို့ စင်္ကာပူအစိုးရရဲ့လိုအပ်ချက်တွေကိုသိရှိပြီး မိမိကိုယ်ကို ဘယ်လောက်အထိအဆင်သင့်ဖြစ်နေပြီလဲဆိုတာ ခန့်မှန်းသိရှိနိုင်ပြီလို့ယုံကြည်ပါတယ်။ “ငါသာ စင်္ကာပူအစိုးရသာဆိုရင် ငါ့ကိုငါရော အခုအနေအထားတွေနဲ့ PR ပေးမှာလား?” ဆိုတဲ့မေးခွန်းလေးစဉ်းစားစေချင်ပါတယ်။ အကယ်၍ မိတ်ဆွေဟာ ready မဖြစ်သေးဘူး၊ PR လျှောက်ရန် profile အားနည်းနေသေးတယ်၊ ကိုယ်တိုင်လဲ စာရွက်စာတမ်းတွေပြင်ရမှာစိတ်ရှုပ်တယ်ဆိုရင် MEC မှာPR လျှောက်ဖို့စိတ်ချစွာအပ်နှံ ပြီး ကိုယ့်အနာဂတ်အတွက် ခေါင်းအေးအေးနဲ့ပြင်ဆင်နိုင်ပါတယ်။

CitationReference
Joanne Tan (2024)“Using Decomposed Total Fertility Rate…”, Singapore Department of Statistics Newsletter
NUS Social Research (2025)Study on Flexible Work Arrangements & Fertility Intentions in unmarried adults
NTU Study“Causes of Singapore’s declining birth rate”
IMF F&D (2020)“Lessons from Singapore on Raising Fertility Rates”
Business Insider + NPRCommentary on policy effectiveness, global trends, and societal pressures

Leave a Reply

Your email address will not be published. Required fields are marked *