🚲 စင်ကာပူတွင် စက်ဘီးစီးသူများ အတွက် စည်းမျဉ်းအသစ်ချမှတ်။ စည်းကမ်းချိုးဖောက်လျှင် အပြစ်ပေးမည်**
📖 Estimated Reading Time: 3-4 minutes | 🖋 By MEC

2025 ဇူလိုင် 1 ရက်မှ စတင်ပြီး စင်ကာပူနိုင်ငံ အတွင်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများကို ပိုမို တင်းကျပ်စွာ ထိန်းချုပ်လျက် ရှိလာကြောင်းသိရှိရပါသည်။
စက်ဘီးစီးသူများနှင့် Non Motorized Personal Mobility Device (PMD) (စကိတ်ဘုတ်၊ စကူတာ ၊ ဝှီးချဲ ) အသုံးပြုသူများသည် လူလျှောက်လမ်းများကို အသုံးပြုပါက ပြင်းထန်တဲ့ အပြစ်ပေးခံရမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
ယခု အခါတွင် AMEO (Active Mobility Enforcement Officers) များသည် လူအသွားအလာများသော နေရာများတွင် လိုက်လံစောင့်ကြည့်နေပြီး
* ပြည်သူလူထုအား အသိ ပညာပေးရန်
* စည်းကမ်းချိုးဖောက်သူများကို သတိပေးရန် သို့မဟုတ် ဒဏ်ကြေးချမှတ်ရန်
* Body Camera နှင့် CCTV အသုံးပြုပြီး စောင့်ကြည့်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Land Transport Authority (LTA) အဖွဲ့ထဲမှ တာဝန်ရှိသူများကလည်း “လမ်းပေါ်တွင် ပေါ့ဆစွာ မစီးပါနှင့်၊ စည်းမျဉ်းများကို လိုက်နာပါ” ဟု လိုက်လံ၍ အသိ ပညာပေးနေကြောင်း သိရှိရပါသည်။ ထို့အပြင် ကျောင်းများတွင် ပညာပေးဆွေးနွေးမှု ဆက်လက်ဆောင်ရွက်မည်။
🛑 ဘာတွေပြောင်းလဲသွားသလဲ?
လူလျှောက်လမ်းအသုံးပြုသူများ၏ လုံခြုံရေးအတွက် Land Transport Authority (LTA) သည် စင်ကာပူ နိုင်ငံရှိ တစ်ချို့ လမ်းများကို “Pedestrians Only” ဆိုသည့် အမှတ်အသားများ ဖြင့် သီးသန့်စွာ သတ်မှတ်လိုက်ခြင်းဖြစ်ပါသည်။
👣 လမ်းလျှောက်သူများနှင့် Electric Wheelchair ကဲ့သို့သော Personal Mobility Aid (PMA) အသုံးပြုသူများသာ အသုံးပြုခွင့်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
🚫 စက်ဘီးစီးသူများနှင့် Non-motorised PMD အသုံးပြုသူများအနေနဲ့ ထိုလမ်းများကို ဝင်ရောက် အသုံးပြုခွင့် မရှိကြောင်း ဖော်ပြထားပါသည်။
ပထမဆုံး အကြိမ် အပြစ်ဒဏ်ခံရသူများအတွက် အများဆုံး ငွေဒဏ်ကြေး စင်ကာပူ ဒေါ်လာ $2,000 အထိ (သို့မဟုတ်) ထောင်ဒဏ် ၃ လအထိ (သို့မဟုတ် နှစ်မျိုးစလုံး) အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။
📍 ဘယ်နေရာတွေမှာ Pedestrian-only Zones အဖြစ်သတ်မှတ်ထားတာလဲ။
2024 သြဂုတ်လမှ စတင်၍ Tampines၊ Punggol၊ Sengkang၊ Clementi၊ Yishun နှင့် Toa Payoh အပါအဝင် မြို့ပေါင်းများစွာတွင် လူသုံးလမ်းအနက် 200 km ကျော်ကို Pedestrian-only Zones အဖြစ် သတ်မှတ်ထားသည်။
စက်ဘီးနှင့် PMD အသုံးပြုသူများအတွက် အနီရောင်ဖြင့် အမှတ်အသား ထားသည့် Cycling Paths (စက်ဘီး လမ်းကြောင်း) များကို ရေးဆွဲ ထားသည်ဖြစ်ပြီး Pedestrian-only Zones မသတ်မှတ်ထားသော လျှောက်လမ်းများကိုမူ ယခင်အတိုင်း အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။
🎯 အဓိက ရည်ရွယ်ချက်
Land Transport Authority (LTA) ၏ ယခု စည်းကမ်း ဥပဒေ နှင့် ပက်သက်ပြီး အဓိက ရည်ရွယ်ချက်များကိုလည်း ဖော်ပြလိုက်ပါသည်။
* လူသုံးလမ်းပေါ် အန္တရာယ်များ လျှော့ချရန်
* ယာဥ် အန္တာရာယ် ကင်းရှင်းရန်နဲ့ လမ်းစည်းကမ်းများကို လိုက်နာတက်စေရန်
* စင်ကာပူနိုင်ငံ၏ ပိုမို ကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ် ( Sustainable Mobility ) ဖြစ်စေရန်
ယခု စည်းကမ်း ဥပဒေ ကို အတည်ပြုခဲ့ပြီး နောက်ပိုင်း 2019 ခုနှစ် မှ 2024 ခုနှစ် အထိ လမ်းပေါ်ဖြစ်ပွားသည့် အမှုအခင်းအရေအတွက်သည် 303 မှ 104 သို့ (ရာခိုင်နှုန်းအားဖြင့် 66% ခန့် ) လျှော့နည်းလာခဲ့ကြောင်းကိုလည်း အတိအလင်း ဖော်ပြထားပါသည်။
🗣 လူထု အမြင်များ
👩🦳 “လူသုံးလမ်းတွေ ပိုစနစ်တကျ ဖြစ်လာတယ်၊ အများစုက ပိုပြီး စည်းကမ်းလိုက်နာနေကြတယ်” ဟု Tampines ဒေသခံ မစ္စ Sabariah က ပြောသည်။
* ဒါပေမယ့် အချို့ Delivery Rider များက လက်တွေ့ လမ်းအသုံးပြုရာတွင် အခက်အခဲ ရှိနိုင်ကြောင်းကိုလည်း မျှဝေထားသည်။
သတိထားရန် အချက်များ
သတိထားရန် အချက်များအနေဖြင့်
* 🚴 စက်ဘီးစီးသူများအတွက် Cycling Paths (အနီရောင် စက်ဘီးလမ်းကြောင်း) ကိုသာ အသုံးပြုပါ။
* 🚶 လမ်းလျှောက်သူများအတွက် Pedestrian-only Paths တွင်သာ သွားလာပါ။
* ⚠️ PMA အတွက် အရှိန် ကန့်သတ်ချက်ကို 2026 နှစ်စပိုင်းတွင် 10km/h မှ 6km/h သို့ ပြောင်းလဲသတ်မှတ်လိုက်ပါသည်။
👉 စင်ကာပူတွင် နေထိုင်သူများအနေနဲ့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သိပြီး လိုက်နာခြင်းက မိမိအတွက်သာမက ပတ်ဝန်းကျင်အတွက်လည်း လွန်စွာ အရေးကြီးပါသည်။
📢 စင်ကာပူနိုင်ငံ အတွင်းရှိ သတင်းများကို အမြဲနားစွင့်ထားပြီး ဥပဒေများကို ဂရုစိုက်လိုက်နာကြပါရန် Myanmar Eduwork Consultancy မှ တိုက်တွန်းလိုက်ပါတယ်။
✨ နောက်ထပ် သတင်းများ၊ ပြည်ပတွင် သွားရောက်နေထိုင်ဖို့ အတွက် အကြံအညဏ် အထောက်အပံ့များကို လိုအပ်ပါက Myanmar Eduwork Consultancy ၏ Facebook နှင့် Instagram မှ တစ်ဆင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်။
➡️ စင်ကာပူတွင် နေထိုင်ဖို့ စာရွက် စာတမ်း အခက်အအခဲများအတွက် အကူအညီလိုအပ်ပါကလည်း WhatsApp သို့မဟုတ် 🌐 www.myanmareduwork.com မှတဆင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
Citation & Reference
The Straits Times. (2025, July 1). Cyclists face fines, jail for riding on pedestrian-only paths as enforcement begins on July 1. https://www.straitstimes.com/singapore/transport/cyclists-face-fines-jail-for-riding-on-pedestrian-only-paths-as-enforcement-begins-on-july-1