စင်ကာပူနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင် ပြန်လည် အသုံးချရန် စီစဉ် 🇸🇬

🗓️Nov 2025 • 🕔 5 min read


စင်ကာပူနိုင်ငံသည် လာမည့်နှစ်များအတွင်း စွမ်းအင် လိုအပ်ချက်များ တိုးလာနိုင်သည့်အတွက် နျူကလီးယားစွမ်းအင်ကို အသုံးချနိုင်ရေး အစီအစဉ်များကို ပြန်လည်စဉ်းစားနေပါသည်။

ယခုအချိန်အထိ စင်ကာပူ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၉၄% ခန့်ကို သဘာဝဓာတ်ငွေ ဓာတ်အားပေးစက်ရုံများ မှ ထုတ်လုပ်သုံးစွဲနေသော်လည်း၊ ၂၀၅၀ ပြည့်နှစ်တွင် သဘာဝဓာတ်ငွေမှ ထုတ်လွှတ်သည့် ဖန်လုံအိမ်ဓာတ်ငွေ အဆင့်ကို Net Zero အခြေအနေထိ လျော့ချနိုင်အောင် ရည်မှန်းထားပါသည်။

🌍 နျူကလီးယားစွမ်းအင် ပြန်လည်စဉ်းစားရခြင်း၏ အကြောင်းရင်းများ

စင်ကာပူနိုင်ငံသည် စွမ်းအင်ကဏ္ဍထဲတွင် တိကျမှန်ကန်မှု၊ အဆက်မပြတ် လိုအပ်ချက်များနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု တို့ကို ညှိနှိုင်းဖို့လိုအပ်နေပြီဖြစ်သည်။

၂၀၁၀ ပြည့်နှစ်များက စင်ကာပူက နျူကလီးယားစွမ်းအင်ကို တပ်ဆင်ရန် စဉ်းစားခဲ့သော်လည်း၊ နေရာအခက်အခဲကြောင့် ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် Small Modular Reactors (SMRs) ကဲ့သို့သော နည်းပညာအသစ်များ ပေါ်ထွန်းလာပြီး လုံခြုံမှု မြင့်မားသည့် နည်းလမ်းများ ရှိလာသဖြင့် ပြန်လည် စဉ်းစားသည့်အဆင့်သို့ ဝင်ရောက်လာခဲ့ပါသည်။

📊 လေ့လာသည့် အစီအစဉ်များ

စင်ကာပူနိုင်ငံ၏ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့ (EMA) မှ ဗြိတိန်အတိုင်ပင်ခံကုမ္ပဏီ Mott MacDonald ကို (၂) နှစ်ကြာ ငှားရမ်းကာ နျူကလီးယား စွမ်းအင် အသုံးပြုနိုင်ရေး လေ့လာရေးအစီအစဉ် တစ်ခု စတင်ထားသည်။

👉 အဆိုပါလေ့လာမှုအတွက် အဓိက အချက်များမှာ —

ဘေးကင်းလုံခြုံမှု (Safety & Security)

ယုံကြည်စိတ်ချရမှု (Reliability)

ကုန်ကျစရိတ် တတ်နိုင်မှု (Affordability)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တည်တံ့နိုင်မှု (Sustainability) တို့ရှိနိုင်ရန် ဖြစ်သည်။

🤝 နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု

၂၀၂၄ ခုနှစ်တွင် စင်ကာပူနှင့် အမေရိကန်တို့က Civil Nuclear Cooperation Agreement ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဝန်ကြီးချုပ် လောရင့်စ် ဝေါင်ကလည်း နျူကလီးယားစွမ်းအင် တပ်ဆင်နိုင်မလားဆိုသည့် မျှော်မှန်းချက်ကို အစိုးရအနေဖြင့် ဆက်လက် စောင့်ကြည့် လေ့လာသွားမည် ဟု ကြေညာခဲ့သည်။

စင်ကာပူကလည်း နျူကလီးယားနည်းပညာအတွက် အထူးဌာနတစ်ခုဖြစ်သော Nuclear Safety and Research Office ကို စင်ကာပူအမျိုးသားတက္ကသိုလ်တွင် တည်ထောင်ထားပြီး၊ အမေရိကန်၊ ပြင်သစ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု စသည့် နိုင်ငံများသို့ နည်းပညာစနစ်များကို လေ့လာသွားခဲ့သည်။

📢 သုတေသနပညာရှင်များ၏ သုံးသပ်ချက်

နန္ယန်းနည်းပညာတက္ကသိုလ်မှ Alvin Chew ဆိုသူက —
“စင်ကာပူအနေနဲ့ ဆေးရုံ၊ Data Center တွေလို အရေးကြီးအဆောက်အအုံတွေကို ၂၄ နာရီမီးမပျက် ပေးနိုင်ဖို့ အခြေခံစွမ်းအင် တစ်ခု လိုအပ်နေပြီ” ဟု ပြောကြားခဲ့သည်။

🔮 စင်ကာပူနိုင်ငံ အနာဂတ်

စင်ကာပူအနေနဲ့ အခုချိန်ထိ ဆုံးဖြတ်ချက်ချခြင်း မရှိသေးပေမယ့် နျူကလီးယားစွမ်းအင်အသုံးချနိုင်မည့် အခြေအနေကို အစဉ်အမြဲ သုံးသပ်လေ့လာနေဆဲဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်အတွင်း စွမ်းအင်လိုအပ်ချက်များ တိုးလာမည့်အတွက် နျူကလီးယားစွမ်းအင်သည် အနာဂတ်အတွက် အဓိက အခန်းကဏ္ဍ တစ်ခု ဖြစ်လာနိုင်မည်ဟု ခန့်မှန်းရပါသည်။

📌 အကျဉ်းချုပ်

စင်ကာပူနိုင်ငံသည် လာမည့် စွမ်းအင်စိန်ခေါ်မှုများအတွက် နည်းပညာအသစ်များနှင့် စွမ်းအင်ရင်းမြစ်များ ကို အသုံးချရန် အခက်အခဲများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့် စွမ်းအင်လိုအပ်ချက်များအတွက် နျူကလီးယားစွမ်းအင် သည် အဓိကအခြေခံ လိုအပ်ချက် အဖြစ် ပြောင်းလဲ လာနိုင်ချေရှိပါသည်။

References

  1. Energy Market Authority Singapore (EMA) – Singapore’s Energy Statistics & Net Zero 2050 Roadmap.
  2. Nikkei Asia (2025) – Singapore to study feasibility of nuclear power with UK firm Mott MacDonald.
  3. Channel News Asia (CNA) – Small Modular Reactors as an option for Singapore’s clean energy future.
  4. The Straits Times – Singapore signs civil nuclear cooperation agreement with the US (2024).
  5. NTU S. Rajaratnam School of International Studies – Expert commentary by Alvin Chew on Singapore energy security.

Leave a Reply

Your email address will not be published. Required fields are marked *