မြန်မာနိုင်ငံသားများအတွက် ဂျာမနီနိုင်ငံ ထက် စင်ကာပူနိုင်ငံကို ပိုပြီးရွေးချယ်သင့်တဲ့ အကြောင်းရင်း (၅) ချက်

နိုင်ငံရပ်ခြားတွင် သွားရောက် လုပ်ကိုင်လိုသူများအတွက် စင်ကာပူနှင့် ဂျာမနီသည် လူအများအတွက် ရွေးချယ်စရာ အကောင်းဆုံး နိုင်ငံများဖြစ်ကြသည်။ နှစ်နိုင်ငံ စလုံးတွင် ပညာရေးနှင့် စီးပွားရေး၊ လူမှုရေး စတဲ့  အခွင့်အလမ်းကောင်းများ များစွာ ရှိသော်လည်း မြန်မာနိုင်ငံသားများအတွက်  စင်ကာပူ နိုင်ငံမှာ ပိုမိုရိုးရှင်း လွယ်ကူပြီး လိုက်လျောညီထွေ နေထိုင်နိုင်ခြင်းကြောင့်  ရွေးချယ်ရန် အဆင်ပြေဆုံးသောနိုင်ငံ ဖြစ်ပါသည်။

သို့သော် စင်ကာပူနိုင်ငံ အတွက် Permanent Residency (PR) လျှောက်ရာတွင် ခက်ခဲပါသည်။  ခက်ခဲတယ်  ဆိုပေမယ့် PR မရနိုင်‌တော့ဘူးလား ဆိုတော့ PR ရနိုင်ပါတယ်။ 

MEC တွင်  –

အစရှိတဲ့ နည်းလမ်းများဖြင့် ဆွေနွေး ကူညီ ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။

အဲ့ဒါဆို ဘာကြောင့် ဂျာမနီ နိုင်ငံထက် စင်ကာပူနိုင်ငံကို ပိုပြီး ရွေးချယ် သင့်တာလဲ။

အကြောင်းအရင်းလေးတွေကတော့

၁။   မြန်မာနိုင်ငံ နှင့် နိုင်ငံချင်း နီးကပ်မှုရှိခြင်း 

ရန်ကုန် မှ စင်ကာပူ အထိ လေယာဉ်ခ ရီး ၃ နာရီသာ ဖြစ်ပြီး၊ ဂျာမနီ သို့ ရောက်ရန် ၁၄ နာရီကျော် လိုအပ်သည်။ အဲ့ဒါ အပြင် စင်ကာပူတွင် မြန်မာ အသိုင်းအဝိုင်း၊ ဘုရားကျောင်း၊ စားသောက်ဆိုင်များနှင့် ယဉ်ကျေးမှု အခမ်းအနားများရှိပြီး၊ အချိန်တို အတွင်းရင်းနှီး ကျွမ်းဝင်မှု ကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံ တွင်မူ မတူညီတဲ့  ဥပဒေစည်းမျဉ်းများနှင့် ယဉ်ကျေးမှုကို လေ့လာရန် လိုအပ်ပြီး၊ မိသားစုအတွက် ပတ်ဝန်းကျင်နှင့် နေထိုင် ၊ ပေါင်းသင်း ဆက်ဆံရေးတွင် ပို၍ အချိန်ယူရတက်ပါသည်။ 

၂။  အင်္ဂလိပ်စကား ဘာသာစကားအားသာချက်

စင်ကာပူ နိုင်ငံ တွင် အလုပ်၊ ပညာရေးလုပ်ငန်းများအတွက် အင်္ဂလိပ်စကားကို အသုံးပြုကြသည်။ မြန်မာနိုင်ငံသားများအတွက် ကျောင်း၊ အလုပ်နှင့် နေ့စဉ်ဘဝတွင် အင်္ဂလိပ်စကား ကို ထိတွေ့နေရသည့်အတွက် ဘာသာစကားတွင် အခက်အခဲမရှိနိုင်ပါ။ 

ဂျာမနီတွင်မူ   ဂျာမန် စကားကို အဓိက အသုံးပြုကြ၍  လေ့လာရန် ခက်ခဲပါသည်။ ထို့အပြင် ဂျာမန် စကားတက်မှသာ   အခြေခံဝန်ဆောင်မှု အလုပ်များနှင့် နေထိုင်ခွင့် ရနိုင်မည်ဖြစ်သည်။ ဘာသာစကား လေ့ကျင့်ရန်အတွက်လည်း  လေ့ကျင့်မှု (၂)နှစ်ခန့် ကြာနိုင်ပါသည်။

၃။ ဝင်ငွေခွန်လျော့နည်းခြင်း

စင်ကာပူသည် အဆင့်လိုက် ဝင်ငွေခွန် ကို သတ်မှတ် ကောက်ခံလျက် ရှိပါသည်။  ဝင်ငွေ  SG $20,000 အောက်အတွက်  ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိပြီး လူလတ်တန်းစားများအတွက်  ဝင်ငွေခွန်နှုန်း ၂% မှ ၇%  အထိသာ ကောက်ယူလျှက် ရှိပါသည်။  စင်ကာပူနိုင်ငံတွင် မြေအကျိုးခံစားခွန်နှင့် အမွေခံခွန်မရှိပါ။

သို့သော် ဂျာမနီတွင်မူ လူလတ်တန်းစားများအတွက် ဝင်ငွေခွန် ၁၄%–၄၂% အထိ ကောက်ယူလျှက်ရှိပြီး လူမှုရေး စောင့်ရှောက်မှုကြေးများ၊ ဘာသာရေးဆိုင်ရာ အခွန်များ (Church Tax) ၊ တချို့ဒေသများတွင် အလုပ်ရှင်နှင့် အလုပ်သမားဘက်စုံ လူမှုအာမခံကြေး များစွာ ပေးဆောင် ရတာမျိုး ရှိပါသည်။ 

ထို့ကြောင့် စင်ကာပူတွင် ဝင်ငွေကိုပိုမို စုဆောင်းနိုင်ခြင်းကြောင့် မိသားစုထောက်ပံ့နိုင်မှုနှင့် ငွေစုဖို့ အတွက် များစွာ အထောက်အကူပြုပါသည်။ 

၄။ သက်သာသော အိမ်ခြံမြေ နှုန်းထားများ

စင်ကာပူနိုင်ငံ တွင် HDB အစိုးရအိမ်ရာများကို PR နဲ့ နိုင်ငံသားများအတွက် လုံခြုံ၊ သန့်ရှင်းး စရိတ်သက်သာစွာ ရနိုင်သည်။ ပုဂ္ဂလိက အငှားအိမ်များစွာ လည်းရှိတာမို့ နေထိုင်ရ အဆင်ပြေသည်။

ဂျာမနီ နိူင်ငံ တွင် အိမ်ခြံမြေ များသည် အကျယ်ကြီး တည်ဆောက်ထားသော်လည်း  မြို့တော်များတွင် စျေးကြီးပြီး  နိုင်ငံခြားသားများအတွက် ငှားရန် အိမ် ရှာရခက်ခဲခြင်း၊ အဆောက်အအုံမလုံလောက်မှုများ ကြုံတွေ့ရနိုင်သည်။

၅။ တစ်ဦးချင်းအတွက် ရေရှည် အကျိူးကျေးဇူး များ 

နိုင်ငံလူဦးရေ အလိုက် GDP (2024 ခန့်မှန်း)ဝင်ငွေ အခွန် (ပျမ်းမျှ)လုပ်ငန်းလုပ်ရန် အဆင်ပြေမှုဘာသာစကား အခက်အခဲ
စင်ကာပူအမေရိကန်ဒေါ်လာ ၈၈,၀၀၀0% – 22%✅ အလွန် လွယ်ကူ✅ အင်္ဂလိပ်
ဂျာမနီ~အမေရိကန်ဒေါ်လာ ၅၅,၀၀၀14% – 45%⚠️ အဆင့်ဆင့် တင်ပြ ဆောင်ရွက်ရန်လိုအပ်⚠️ ဂျာမန်စာ သင်ယူရမည်

ဂျာမနီ နိုင်ငံတွင်  စီးပွားရေး တိုးတက် ကြီးမားသော်လည်း စင်ကာပူ၏ တစ်ဦးချင်း GDP သည် တစ်ကမ္ဘာလုံးတွင်  အမြင့် ဆုံးဖြစ်ပြီး အရည်အချင်း ပြည့်ဝကြ၍ ကြွယ်ဝချမ်းသာ မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

ဒါ့အပြင် စင်ကာပူ နိုင်ငံတွင် PR ရရှိပြီးနောက် ၂ နှစ်အတွင်း နိုင်ငံသား ဖြစ်ခွင့်ရှိခြင်း၊ ကလေးများ အတွက်လည်း ကျောင်းသို့ သက်သာစွာ တက်ရောက်ခွင့် ရှိခြင်း ထောက်ပံ့ပေးခြင်းများ၊  ကျန်းမာရေး ထောက်ပံ့မှူများ နှင့် အိမ်ခြံမြေ ဝယ်ယူခွင့်များ ရရှိနိုင်ပါသည်။ 

ဂျာမနီနိုင်ငံ တွင် PR နှင့် နိုင်ငံသားဖြစ်ခွင့်ရရန် ကာလ ပိုမိုကြာမြင့်ပြီး ဘာသာစကားကျွမ်းကျင်မှုအပြင် တခြားသော ရှုပ်ထွေးတဲ့ အဆင့်များစွာရှိတာကြောင့် ရရှိရန် ခက်ခဲပါသည်။ 

စင်ကာပူနိုင်ငံ ရဲ့ Permanent Residency (PR) ကို ချက်ချင်း မရရင် ဘာလုပ်မလဲ?

စင်ကာပူတွင် Employment Pass (အလုပ်ခွင့်ဗီဇာ) သို့မဟုတ် Student Pass (ကျောင်းသားဗီဇာ) ဖြင့် နေထိုင်၊ လေ့လာ၊ အလုပ်လုပ်နိုင်သေးပါတယ်။ အဲ့လို နေထိုင်နေတဲ့ အချိန်အတွင်းမှာ ကိုယ့် ရဲ့ Profile ကို ကောင်းအောင် တည်ဆောက်သင့်ပါသည်။ 

အဲ့တော့ ဘယ်လိုမျိုး တည်ဆောက်ရမလဲဆိုတော့ 

MEC တွင် ဘယ်လို ဝန်ဆောင်မှုမျိုးတွေ ရနိုင်သလဲ။

💬 နိဂုံးချုပ်

စင်ကာပူ နိုင်ငံ သည် မြန်မာ နိုင်ငံနှင့် နီးကပ်မှုလည်းရှိ ၊ လုံခြုံမှု၊ သာယာပျော်ရွှင်မှုများကို ပေးစွမ်းနိုင်သည်။ 

သို့ သော် PR ရရှိရန် အချိန်ယူ ဆောင်ရွက်ရမှာ ဖြစ်တာမို့  MEC Myanmar မှ အကောင်းဆုံး ဆွေးနွေးတိုင်ပင် ဆောင်ရွက် ပေးလျက်ရှိတာမို့ ဘာမှ စိတ်ပူစရာမလိုစေရပါဘူးနော်။ 

📍 ပထမဆုံး ခြေလှမ်း စတင်ဖို့ အဆင်သင့် ဖြစ်ပြီလား?

MEC မှာ အောက်ပါ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။  

📞 အခုပဲ MEC နှင့် အခမဲ့ ဆွေးနွေး တိုင်မင်နိုင်ပြီ ဖြစ်လို့ အခုပဲ ဆက်သွယ် လိုက်တော့နော်။

💬 Messenger

📞 WhatsApp

📩 enquiry@myanmareduwork.com

🌐 www.myanmareduwork.com

References

Leave a Reply

Your email address will not be published. Required fields are marked *